Weaving Training Application
Contact Us

Interested in joining our next cohort? Fill out the form below to send in your application.

ရက်ကန်းဒီဇိုင်းနှင့်အဆင်ဒီဇိုင်းများအကွက်ဖော်ဖဲလွှားကောက်ခြင်းသင်တန်းလျှောက်လွှာ

ရက်ကန်းဒီဇိုင်းနှင့် အဆင်ဒီဇိုင်းများ အကွက်ဖော်ဖဲလွှားကောက်ခြင်း အပတ်စဉ် (၂) လျှောက်ထားနိုင်ပါသည်။

အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတတ်ပညာ ဖွံ့ဖြိုးမှုအစီအစဉ် (VSDP) မှ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော “ရက်ကန်းဒီဇိုင်းနှင့် အဆင်ဒီဇိုင်းများ အကွက်ဖော်ဖဲလွှားကောက်ခြင်း” သင်တန်း ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

မိရိုးဖလာလက်ရက်ကန်းအလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသော သူများအတွက် “ရက်ကန်းဒီဇိုင်းနှင့် အဆင်ဒီဇိုင်းများ အကွက်ဖော်ဖဲလွှားကောက်ခြင်း” အတတ်ပညာကို လှိုင်သာယာမြို့နယ်ရှိ Step-in Step-Up သက်မွေး သင်တန်းကျောင်းတွင် စာတွေ့ (၂၀) ရာခိုင်နှုန်းနှင့် လက်တွေ့ (၈၀) ရာခိုင်နှုန်းဖြင့် ပေါင်းစပ်သင်ကြားပေး သွားမည် ဖြစ်သည်။

သင်တန်းသူ/သားများအတွက် ရွေးချယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ –

  • အသက် ၁၆ နှစ် မှ ၃၅ နှစ်အတွင်း ဖြစ်ရမည်။
  • လက်ရက်ကန်းရက်လုပ်ခြင်းအခြေခံသဘောတရားကို သိရှိနားလည်သူဖြစ်ရမည်။
  • အနည်းဆုံး အခြေခံပညာအရည်အချင်း မူလတန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
  • လက်မှုပညာကိုဝါသနာပါ၍ ရက်ကန်းပိုင်းဆိုင်ရာအလုပ်အကိုင်များဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူ ဖြစ်ရမည်။
  • သင်တန်းပြီးမြောက် အောင်မြင်သည်အထိ ဇွဲလုံ့လစိုက်ထုတ်နိုင်သူ ဖြစ်ရမည်။
  • စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
  • လုပ်ငန်းခွင်အတွက်လိုအပ်သော ဝင်ခွင့်ပြည့်မှီသူ ဖြစ်ရမည်။
  • ရိုးရာရက်ကန်းရက်လုပ်ခြင်းလုပ်ငန်းကို စိတ်ပါဝင်စားသည့် အမျိုးသမီးများလည်း လျှောက်ထားကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

“ရက်ကန်းဒီဇိုင်းနှင့် အဆင်ဒီဇိုင်းများ အကွက်ဖော်ဖဲလွှားကောက်ခြင်း” သင်တန်းသူ/သားများရရှိမည့် အခွင့်အရေးများ –

  • သင်တန်းသူ/သားအဖြစ် ရွေးချယ်ခံရသူများအနေဖြင့် သင်တန်းကြေးပေးသွင်း ရန်မလိုပါ။
  • သင်တန်းသူ/သားအနေဖြင့် ကျွမ်းကျင်ရက်ကန်းပညာရှင်တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် လိုအပ်သော ကျွမ်းကျင်မှုများ ရရှိလာမည် ဖြစ်သည်။
  • ဒေသတွင်းနှင့် မြန်မာနိုင်ငံစျေးကွက်နှင့် ဆီလျော်ကိုက်ညီမှုရှိသော သင်ရိုးနှင့် သင်ထောက်ကူပစ္စည်းများဖြင့် လေ့လာသင်ယူနိုင်မည် ဖြစ်ပါသည်။
  • သင်တန်းအောင်မြင်စွာ တက်ရောက်ပြီးဆုံးပါက သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ် ရရှိမည် ဖြစ်သည်။

လျှောက်”ထားရန်အတွက် ပူးတွဲပါလျှောက်လွှာ (စုစုပေါင်း ၄ မျက်နှာ) နှင့်အတူ 09 420 104 192 / 09 951 177 671 သို့ ၂၀၂၄ ခုနှစ်၊ ‌ဇန်နဝါရီလ (၃၁) ရက်၊ ညနေ (၄:၃၀) လျှောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။

ထပ်မံသိရှိလိုသော အချက်အလက်များရှိပါက ဖုန်းနံပါတ် 09 420 104 192 / 09 951 177 671 သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန်အတွင်း (မနက် ၉ နာရီ မှ ညနေ ၅ နာရီ အတွင်း) ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ကြိုတင် မေတ္တာရပ်ခံခြင်း။
လက်ခံရရှိသော လျှောက်လွှာအရေအတွက် များပြားသည့်အတွက် ပထမအဆင့် အင်တာဗျူးတွင်ပါဝင်ရန် အရွေးချယ်ခံရ သောသူများကိုသာ ဖုန်းဖြင့် ပြန်လည်ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ နားလည်ပေးမှုအတွက် အထူး ကျေးဇူးတင်ပါသည်။

Spinning
Threading
Weaving
Weaving
WEAVING TRAINING

APPLICATION FORM

လျှောက်ထားလိုသည့် အကြောင်းရင်း

လျှောက်ထားသူ၏ ကိုယ်ရေးအကျဥ်း

ရက် / လ / နှစ်

၄။ လိင်

၅။ သင်၏ အိမ်ထောင်ရေး အခြေအနေ

၆။ သင်တက်ရောက်ခဲ့သော အမြင့်ဆုံး အတန်းပညာကို ‌ရွေးချယ်ပေးပါ။

၈။ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်

မြို့နယ်

ကျေးရွာအုပ်စု/မြို့

ကျေးရွာ/ရပ်ကွက်

ပြည်နယ်/တိုင်း

တယ်လီဖုန်းနံပါတ်

Email (optional)

၉။ မိသားစု၀င် သို့မဟုတ် မိတ်ဆွေတစ်ဦးဦး၏ ဆက်သွယ်ရန်လိပ်စာ

ပထမဦးစားပေး - အမည်

ပထမဦးစားပေး - တယ်လီဖုန်းနံပါတ်

ဒုတိယဦးစားပေး - အမည်

ဒုတိယဦးစားပေး - တယ်လီဖုန်းနံပါတ်

အခြားအချက်အလက်များ

၁၀။ သင်၏ အဓိကလူမျိုးစုကိုဖော်ပြပါ။

၁၂။ သင်သည် မြန်မာစကားကို မည်မျှပြောနိုင်၊ ဖတ်နိုင်၊ ရေးနိုင်ပါသနည်း။

အပြော

အဖတ်

အရေး

အလုပ်အကိုင် အခြေအနေ

၁၃။ သင် သက်မွေးသင်တန်းတစ်ခုခု တက်ရောက်ခဲ့ပါသလား။

တက်ရောက်ခဲ့ပါက သင်တက်ခဲ့သော သင်တန်းအမည်၊ သင်တန်းကာလနှင့် တက်ခဲ့သည့် ခုနှစ်ကို ဖော်ပြပေးပါ။

Add Another?

Add Another?

၁၄။ သင် လက်ရှိ အလုပ်လုပ်ကိုင်နေပါသလား။

၁၆။ သင်လက်ရှိတွင် အလုပ် မလုပ်နေပါက အချိန်ပြည့်ကျောင်း၊ သင်တန်း တက်နေပါသလား။

၁၇။ လွန်ခဲ့သောလတွင် အလုပ်လုပ်ရာမှရရှိခဲ့သော ၀င်ငွေမည်မျှရှိသနည်း။ (မြန်မာကျပ်)

၁၈။ လွန်ခဲ့သော(၆)လအတွင်း အလုပ်လုပ်ရာမှရရှိခဲ့သော တစ်လပျှမ်းမျှ၀င်ငွေ မည်မျှရှိသနည်း။ (မြန်မာကျပ်) (လွန်ခဲ့သော ၆ လအတွင်း ရရှိခဲ့သည့် စုစုပေါင်းလစာကို အလုပ်လုပ်ခဲ့သည့် စုစုပေါင်းလနှင့် စားလိုက်ပါက တစ်လပျမ်းမျှဝင်ငွေကို တွက်ချက်နိုင်ပါသည်)

၁၉။ သင်၏မိသားစု၀င်များမှ သင်၏၀င်ငွေပေါ်တွင် မှီခိုနေသူ မည်မျှရှိပါသနည်း။

၂၀။ သင်တန်းတက်ရောက်ရန်အတွက် ကိုယ်ခန္ဓာ ကြံ့ခိုင်ကောင်းမွန်ပါသလား။

လျှောက်ထားသူ၏ ကတိ၀န်ခံချက်

ကျွန်တော်/မ အနေဖြင့် ဖော်ပြပါ သင်တန်းဆိုင်ရာ လိုအပ်ချက်များနှင့် အခြေအနေများကို နားလည်ပြီး သင်တန်းတက်ရောက်နိုင်ရန် လျှောက်လွှာတင်လိုပါသည်။

  • ကျွန်တော်/မ သည် သင်တန်းမှရရှိသော ကျွမ်းကျင်မှု အတတ်ပညာဖြင့် သင်တန်းပြီးဆုံးလျှင် အလုပ်အကိုင်ရရှိရေးအတွက် ရည်ရွယ်ပြီး ဤသင်တန်းတက်ရောက်ရန် အလေးအနက်ထား လျှောက်ထားလိုပါသည်။
  • ဤလျှောက်လွှာတွင် ကျွန်တော်/မ ဖြည့်စွက်ထားသော အကြောင်းအရာများသည် မှန်ကန်မှုရှိကြောင်း အာမခံပါသည်။
  • ဤလျှောက်လွှာတင်သွင်းခြင်းအားဖြင့် ကျွန်တော်/မ အား သင်တန်းသား/သူအဖြစ်ရွေးချယ်မည်ဟု အာမခံချက်ပေးခြင်းမဟုတ်ကြောင်း နားလည်ပါသည်။ကျွန်တော်/မ အား မိမိလျှောက်ထားသော သင်တန်းကို တက်ရောက်ရန် ‌‌ရွေးချယ်ခြင်းခံရမှသာ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။
  • ကျွန်တော်/မ သည် ဤသင်တန်းကို ပြီးဆုံးအောင် တက်ရောက်ပါမည်ဟု ကတိကဝတ်ပြုပါသည်။

3 + 5 =