Interested in joining our next cohort? Fill out the form below to send in your application.
ရက်ကန်းဒီဇိုင်းနှင့်အဆင်ဒီဇိုင်းများအကွက်ဖော်ဖဲလွှားကောက်ခြင်းသင်တန်းလျှောက်လွှာ
ရက်ကန်းဒီဇိုင်းနှင့် အဆင်ဒီဇိုင်းများ အကွက်ဖော်ဖဲလွှားကောက်ခြင်း အပတ်စဉ် (၂) လျှောက်ထားနိုင်ပါသည်။
အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတတ်ပညာ ဖွံ့ဖြိုးမှုအစီအစဉ် (VSDP) မှ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော “ရက်ကန်းဒီဇိုင်းနှင့် အဆင်ဒီဇိုင်းများ အကွက်ဖော်ဖဲလွှားကောက်ခြင်း” သင်တန်း ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
မိရိုးဖလာလက်ရက်ကန်းအလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသော သူများအတွက် “ရက်ကန်းဒီဇိုင်းနှင့် အဆင်ဒီဇိုင်းများ အကွက်ဖော်ဖဲလွှားကောက်ခြင်း” အတတ်ပညာကို လှိုင်သာယာမြို့နယ်ရှိ Step-in Step-Up သက်မွေး သင်တန်းကျောင်းတွင် စာတွေ့ (၂၀) ရာခိုင်နှုန်းနှင့် လက်တွေ့ (၈၀) ရာခိုင်နှုန်းဖြင့် ပေါင်းစပ်သင်ကြားပေး သွားမည် ဖြစ်သည်။
သင်တန်းသူ/သားများအတွက် ရွေးချယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ –
- အသက် ၁၆ နှစ် မှ ၃၅ နှစ်အတွင်း ဖြစ်ရမည်။
- လက်ရက်ကန်းရက်လုပ်ခြင်းအခြေခံသဘောတရားကို သိရှိနားလည်သူဖြစ်ရမည်။
- အနည်းဆုံး အခြေခံပညာအရည်အချင်း မူလတန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
- လက်မှုပညာကိုဝါသနာပါ၍ ရက်ကန်းပိုင်းဆိုင်ရာအလုပ်အကိုင်များဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူ ဖြစ်ရမည်။
- သင်တန်းပြီးမြောက် အောင်မြင်သည်အထိ ဇွဲလုံ့လစိုက်ထုတ်နိုင်သူ ဖြစ်ရမည်။
- စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
- လုပ်ငန်းခွင်အတွက်လိုအပ်သော ဝင်ခွင့်ပြည့်မှီသူ ဖြစ်ရမည်။
- ရိုးရာရက်ကန်းရက်လုပ်ခြင်းလုပ်ငန်းကို စိတ်ပါဝင်စားသည့် အမျိုးသမီးများလည်း လျှောက်ထားကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
“ရက်ကန်းဒီဇိုင်းနှင့် အဆင်ဒီဇိုင်းများ အကွက်ဖော်ဖဲလွှားကောက်ခြင်း” သင်တန်းသူ/သားများရရှိမည့် အခွင့်အရေးများ –
- သင်တန်းသူ/သားအဖြစ် ရွေးချယ်ခံရသူများအနေဖြင့် သင်တန်းကြေးပေးသွင်း ရန်မလိုပါ။
- သင်တန်းသူ/သားအနေဖြင့် ကျွမ်းကျင်ရက်ကန်းပညာရှင်တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် လိုအပ်သော ကျွမ်းကျင်မှုများ ရရှိလာမည် ဖြစ်သည်။
- ဒေသတွင်းနှင့် မြန်မာနိုင်ငံစျေးကွက်နှင့် ဆီလျော်ကိုက်ညီမှုရှိသော သင်ရိုးနှင့် သင်ထောက်ကူပစ္စည်းများဖြင့် လေ့လာသင်ယူနိုင်မည် ဖြစ်ပါသည်။
- သင်တန်းအောင်မြင်စွာ တက်ရောက်ပြီးဆုံးပါက သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ် ရရှိမည် ဖြစ်သည်။
လျှောက်”ထားရန်အတွက် ပူးတွဲပါလျှောက်လွှာ (စုစုပေါင်း ၄ မျက်နှာ) နှင့်အတူ 09 420 104 192 / 09 951 177 671 သို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်၊ ညနေ (၄:၃၀) လျှောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။
ထပ်မံသိရှိလိုသော အချက်အလက်များရှိပါက ဖုန်းနံပါတ် 09 420 104 192 / 09 951 177 671 သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန်အတွင်း (မနက် ၉ နာရီ မှ ညနေ ၅ နာရီ အတွင်း) ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
ကြိုတင် မေတ္တာရပ်ခံခြင်း။
လက်ခံရရှိသော လျှောက်လွှာအရေအတွက် များပြားသည့်အတွက် ပထမအဆင့် အင်တာဗျူးတွင်ပါဝင်ရန် အရွေးချယ်ခံရ သောသူများကိုသာ ဖုန်းဖြင့် ပြန်လည်ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ နားလည်ပေးမှုအတွက် အထူး ကျေးဇူးတင်ပါသည်။