Step-in Step-up

Security Officer Training Course / Career
apply here

Step-up (SISU)တွင်တက်ရောက်ရမည့်Security Officerသင်တန်းအတွက်သင်တန်းသားခေါ်ယူခြင်း

Step-in Step-up (SISU) သည် သက်မွေးပညာသင်တန်းကျောင်းတစ်ခုဖြစ်ပြီး၊ ပညာဆက်လက်သင်ကြားနိုင်ခြင်းမရှိသော်လည်း အတတ်ပညာရပ်အသစ်များကို သင်ယူလိုစိတ်ရှိသော လူငယ်များအား သက်မွေးပညာရပ်များကို တက်ရောက်နိုင်ရန် ဖိတ်ခေါ်လျှက်ရှိပါသည်။ EXERAနှင့်ပူးပေါင်းလက်တွဲကာ ၂၀၂၃ နိုဝင်ဘာလတွင်စတင်မည့် လုံခြုံရေးအရာရှိသင်တန်းအား တက်ရောက်ရန် ကြိုဆိုလျှက်ရှိပါသည်။

ဘာတွေရရှိနိုင်မလဲ:

  • ၂လကြာမြင့်မည့်သင်တန်းတွင် စာသင်ခန်းတွင်းသင်တန်းကာလတစ်လနှင့် ကျန်တစ်လမှာ လုပ်ငန်းခွင်သင်တန်းဖြစ်သည်။
  • ပါဝင်သောခေါင်းစဉ်များ – မီးဘေးလုံခြုံရေး၊ ရှေးဦးသူနာြပုစုခြင်း၊ ဗုံးအန္တရာယ်၊ လုံခြုံရေးစောင့်ရှောက်မှု၊ လုံခြုံရေးဆိုင်ရာအသိပညာရှိမှု၊ ကင်းလှည့်ခြင်း၊ ဝင်/ထွက်ခွင့်ထိန်းချုပ်ခြင်း၊ ယာဉ်ရှာဖွေမှု၊ မိမိကိုယ်ကိုကာကွယ်ခြင်း
  • ယူနီဖောင်းနှင့်ဆေးစစ်မှုများပြုလုပ်ပေးပြီး သင်တန်းတက်ရောက်စဉ်တွင် နေ့လည်စာနှင့် ထောက်ပံ့ငွေရရှိမည်ဖြစ်သည်။
  • သင်၏စွမ်းဆောင်ရည်ပေါ်မူတည်၍ EXERAကုမ္ပဏီမှတဆင့် ‌ကုမ္ပဏီ၊ ကျောင်း သို့မဟုတ် သံရုံးများတွင် လုံခြုံရေးအရာရှိအဖြစ် အလုပ်ခန့်အပ်ခြင်းခံရမည်ဖြစ်သည်။

သွားလာရေးစရိတ်နှင့် နေရာထိုင်ခင်းများအား ထောက်ပံ့ပေးမည်မဟုတ်ပါ။ လှိုင်သာယာမြို့နယ်ရှိ ကျွန်ုပ်တို့၏သင်တန်းသို့ မိမိအစီအစဉ်ဖြင့်လာရောက်၍ တက်ရောက်နိုင်ရပါမည်။ သင်တန်းပုံမှန်တက်ရောက်ခြင်းသည် သင်တန်းအောင်မြင်ပြီးမြောက်မှုအတွက် အရေးကြီးပါသည်။

အမျိုးသမီးများလည်းဝင်ရောက်လျှောက်ထားနိုင်ပါသည်။

သင်တန်းသားလိုအပ်ချက်:

အသက် အသက် ၁၈ မှ ၄၅ နှစ်ကြား
ကိုယ်အလေးချိန် ပေါင် ၁၁၀ (အနည်းဆုံး)
ကျန်းမာရေး ကျန်းမာ၍သက်လုံကောင်းမွန်ရမည်

ပညာရေး

ပညာအရည်အချင်း ၉ တန်းနှင့် အထက်
၉တန်းအောက်သင်တန်းသားများအတွက် ခြွင်းချက်အနေဖြင့် မြန်မာစာကျွမ်းကျင်စွာရေးဖတ်နိုင်ပြီး အင်္ဂလိပ်စာ အခြေခံနားလည်သူများကို လက်ခံပါသည်။

အလုပ်ချိန်

အလုပ်ချိန်များ တစ်ရက်လျှင် ၁၂နာရီ (အချိန်ပို ၃နာရီအပါအဝင်) အလုပ်လုပ်နိုင်သူများ
အဆိုင်း နေ့ဆိုင်း၊ ညဆိုင်း အလုပ်ဆင်းနိုင်သူ

တည်နေရာ

ဦးစားပေးတည်နေရာ မြို့ထဲနှင့်အနီးတဝိုက်နေထိုင်သူများကို ဦးစားပေးလျှောက်ထားနိုင်သည်။

ကိုယ်ရေးကိုယ်သွေး

ကိုယ်ရေးကိုယ်သွေး

သပ်ရပ်စွာဝတ်စားဆင်ယင်နိုင်မှု

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်း

ယဉ်ကျေးပြူငှာမှုရှိခြင်း

လေးစားမှုရှိခြင်း

ထပ်ပေါင်းလိုအပ်ချက်

  • ဖိအားများအောက်တွင် တည်တည်ငြိမ်ငြိမ်နှင့် ခံနိုင်ရည်အားကောင်းသော စိတ်ဓာတ်ရှိရမည်။
  • ထိထိရောက်ရောက်နှင့် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံနိုင်စွမ်းရှိရမည်။
  • ဝေဖန်ပိုင်းခြား တွေးခေါ်တတ်သူဖြစ်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိသူ။
  • ကောင်းမွန်သော အဖွဲ့လိုက်လုပ်ဆောင်မှု နှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားသူ။

လျှောက်ထားသူများသည် ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာပါရှိရမည်။

 

ပူးတွဲပါလျှောက်လွှာပုံစံကို ဖြည့်စွက်ပြီး အောက်တိုဘာလ 15 ရက်နေ့မတိုင်မီ operations@stepinstepupint.org သို့ သင်၏ မှတ်ပုံတင် မိတ္တူကို ထည့်သွင်း၍လျှောက်ထားနိုင်ပါသည်။ ကျွန်ုပ်တို့၏ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှုမရှိသော လျှောက်ထားသူများ၏ လျှောက်လွှာများကို ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ဆန်ခါတင် ရွေးချယ်ခံရသူများကိုသာ ပြန်လည်ဆက်သွယ်ပါမည်။

ကျွန်ုပ်တို့၏အဖွဲ့အစည်းအကြောင်းပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ဝဘ်ဆိုဒ် www.stepinstepupint.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

SECURITY TRAINING

APPLICATION FORM

Step-In Step-Up သင်တန်းသားလျှောက်လွှာ

Covid 19 Vaccination Received / ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး /မပြီး

Where/Who did you hear about SISU from?

1 + 12 =

Get the Latest Updates!

Pin It on Pinterest

Share This